အရှုံးတွေနဲ့ ဖက်ပြီးကြီးပြင်းလာခဲ့ရလို့ အရှုံးတွေကြားကနေ အောင်မြင်ကျော်ကြားလာခဲ့တဲ့ အဆိုတော်ရှကီရာဘဝအကြောင်း
ဝါကာဝါကာလို့ ဆိုလိုက်တာနဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ကိုလံဘီယာ အဆိုတော် ရှကီရာ လို့ သိကြမှာပါ။ ငယ်စဉ်ဘဝ အချိန် ကတည်းက ဆုံးရှုံးမှုတွေနဲ့ ဖြတ်သန်းလာခဲ့ပြီးဖြစ်လို့ သူမ အတွက် အရှုံးတွေက အဖော်မွန်ကောင်းတွေပါပဲလို့ သူမကဆိုလာပါတယ်။ အောင်မြင်မှု တွေဆီ ရောက်ဖို့သွားခဲ့ရတဲ့ အချိန်တွေက မ ဖြောင့်ဖြူးနေခဲ့ပါဘူး။ ပေးဆပ်ခဲ့ရတဲ့ အရာတွေကလည်းမနည်း မနောပါပဲတဲ့။
ရှကီရာ က ချမ်းသာတဲ့ မိသားစု ကနေ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တစ်ဦးဖြစ်ကာ ဖခင်ဖြစ်သူက ရတနာလုပ်ငန်းနဲ့ စီးပွားရေး လုပ်ကိုင်တာမို့လို့ မိသားစု စီးပွားရေးတောင့်တင်းပါတယ်။ ဒါပေမယ့် သူမအသက် ၇ နှစ်အရွယ်မှာ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံခဲ့ရပြီး မိသားစု စီးပွားရေး ပျက်စီးသွားခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ မိဘဖြစ်သူက သူမကို သူငယ်ချင်းမိသားစုဆီခေတ္တပို့ထားပြီး မိသားစု စီးပွားရေး အကျပ်အတည်းအခက်အခဲတွေကို ဖြေရှင်းနိုင်ပြီးတဲ့ အချိန်ထိနေစေခဲ့ရပါတယ်။
နောက်ပိုင်း သူမ နေအိမ်ကို ပြန်လာခဲ့တဲ့အချိန်မှာတော့ မိသားစု အခြေအနေနဲ့ အရာအားလုံးက လုံး ဝကြီးကို ပြောင်းလဲသွားခဲ့ပါပြီ။ သူမ တို့စီးနေတဲ့ ကားတွေမရှိတော့ဘူး။ အိမ်တွင်းပရိဘောဂအသုံး အဆောင် တွေမရှိတော့ဘူး။ အိမ်တစ်ခုလုံးနဲ့ အခန်းတိုင်းမှာရှိတဲ့ အသုံးအဆောင် တွေနဲ့ ပစ္စည်းတွေ တော်တော်များများကိုလည်း မတွေ့ရတော့ပါဘူး။ ရှကီရာအတွက် အရာအားလုံးကို ဆုံးရှုံးလိုက် ရလို့ဝမ်း နည်းကြေကွဲသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အိမ်ပြန်ရောက်လာတဲ့ သမီးဖြစ်သူ ရဲ့ ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပေး ဖို့အတွက် ဖခင်ဖြစ်သူကတော့ သူမကို တင်နေတဲ့အကြွေးတွေအ တွက် ပေးလိုက်ရတယ်လို့ နှစ်သိမ့်ပေးခဲ့ပါတယ်။ ရှကီရာ့ အနေနဲ့ အဖေဖြစ်သူက စီးပွားရေး လုပ်ငန်းတွေကို ဘယ်လောက်ထိ ဆိုးရွားအောင်လုပ်ခဲ့ရလို့ ဒီလောက်ထိ ဆုံးရှုံးမှုတွေနဲ့ ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ သူမနားမလည်ခဲ့ပါဘူး။
မဒီမှာပဲ ရှကီရာ ရဲ့ မိဘ တွေက သူတို့ မိသားစု ရဲ့ ကံကြမ္မာနဲ့ အခြေအနေက ဘယ်လိုမျိုးဖြစ်သွားလဲဆို တာကို သမီးဖြစ်သူကိုစတင် သိရှိစေခဲ့ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ တခြားကလေးတွေနဲ့ တန်းတူ ကစားဖို့သမီးဖြစ်သူကို ကစားကွင်းခေါ်သွားခဲ့တယ်။ ဆင်းရဲချို့တဲ့ ဟောင်းနွမ်းပြီးပေရေနေတဲ့ အဝတ် အစားအစုတ်တွေ၊ သန့်ရှင်းမှုမရှိတဲ့ ညစ်ပေစုတ်ပြတ်နေတဲ့ ကလေးငယ်တွေကြားမှာ သွား ဆော့ခဲရ တဲ့ သူမလည်း သူမရဲ့ပြောင်းလဲသွားခဲ့ရတဲ့ ဘဝပုံစံနားလည်သွားခဲ့ပြီးတော့ ကလေး ဘဝစိတ် ဒဏ် ရာကြီးကြီးမားမားကြီး ဖြစ်သွားခဲ့ တယ်လို့ ရှကီရာက ပြောပြခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီးတော့ သူမ ဘ ဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်နဲ့ အိပ်မက်တစ်ခုကို စတင်အ ကောင်အထည်ဖော် ကြိုးစားခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အောင်မြင်ကျော်ကြားလာတဲ့ အနုပညာသည်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ အဲ့ဒီလိုဆင်းရဲနွမ်းပါးပြီး ချို့တဲ့တဲ့ ကလေးငယ် တွေ ကို ကူညီပေးမယ်ဆိုတဲ့ အိပ်မက်တစ်ခုပါပဲ။ အသက် ၈ နှစ်ကစပြီး သူမရဲ့ ကိုယ်ပိုင်သီချင်းတွေ၊ ဂီတ အလုပ်တွေ စတင်လုပ်ကိုင်နေပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတပါရမီပါပြီး အသံပါဝါကောင်းတာ ကြောင့် တိုက်ခိုက်မှုပြစ်တင်ဝေ ဖန်မှုတွေကိုလည်း ကြုံခဲ့ရပါသေးတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ အယ် လ်ဘမ်နှစ်ခုစလုံးမှာ ဆိုးဆိုးရွားရွားရလာဒ်တွေ ရရှိခဲ့ပေမယ့် သုံးခွေမြောက် အယ်လ်ဘမ်မှာတော့ အောင်မြင်မှုကိုအရယူနိုင်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ ကမ္ဘာ့တေးသီချင်းအယ်လ်ဘမ်ထိပ်ဆုံးအဆင့်နဲ့ ဆုပေါင်း များစွာကိုလည်း ပေးအပ်ခြင်းခံခဲ့ရပါတယ်။
သူမ အသက် ၁၈ နှစ်အရွယ်ရောက်တော့ သူမရဲ့အိပ်မက် တစ်ခုဖြစ်တဲ့ ကလေးသူငယ်တွေ ကူညီ ထောက်ပံ့ပေးမယ့် ရန်ပုံငွေအဖွဲ့ အစည်းလေးကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းနေရာ အနှံ့က အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲချို့တဲ့နေတဲ့ ကလေးငယ်တွေကို အစားအသောက်၊ ပညာ သင်ကြာရေးနဲ့ အကူအညီတွေထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ ရှကီရာ က ကမ္ဘာ့ အကောင်းဆုံး အဆိုတော် တစ်ဦးအဖြစ် လူသိများကျော်ကြားလာခဲ့ပြီပဲဖြစ်ပါတယ်။ သူမ ရဲ့ဘဝကနေ ဘာတွေ ကိုပြန်ရသလဲဆိုတာက ကျရှုံးခြင်းက ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ရှင်သန် နေထိုင်ဖို့အတွက် ပြန်လည်ကြိုးစားပြီး ပြန်ထရမှာဆိုတာပါပဲ။ အရှုံးတွေကို ခပ်ဝေးဝေးမှာမေ့ထားခဲ့ဖို့နဲ့ ကြင်နာသနားတတ်ခြင်းတွေကို ထပ်တလဲလဲမွေးဖွားဖို့ဆိုတာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ တာဝန်တစ်ခုလိုပဲ ဖြစ်ပါတော့တယ်…..
သဒ္ဒါချို(ရွှေအင်းလေး)
Post a Comment